ထိုင်းမြန်မာကြား ဗီဇာမလိုဘဲ ရက်တိုခရီးသွားခွင့်ပြု

ရေးသားချိန် 23 October 2013, 12:25 AEST

မြန်မာနဲ့ ​ထိုင်းနိုင်ငံတို့ကြား ​လေကြောင်းနဲ့ ​ခရီးသွားလာမယ့် ​ထိုင်းနဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ ​ဗီဇာ ​မလိုအပ်တော့ဘူးလို့ ​သိရပါတယ်။
နှစ်နိုင်ငံ ​နိုင်ငံသားတွေအနေနဲ့ ​လေကြောင်းနဲ့ ​ခရီးသွားတဲ့အခါမှာ ​ဗီဇာမလိုအပ်ပဲနဲ့ ​၁၄ရက်ကြာ ​နေထိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ​ထိုင်းနိုင်ငံဝန်ကြီးအဖွဲ့က ​မနေ့ကပြုလုပ်တဲ့ ​ဆွေးနွေးပွဲမှာ ​သဘောတူညီမှုရခဲ့ကြတာဖြစ်ပါတယ်။
ဒီသဘောတူညီမှုဟာ ​နှစ်နိုင်ငံ ​အစိုးရအဖွဲ့က ​သက်ဆိုင်ရာဝန်ကြီးတွေ ​လက်မှတ်ထိုးပြီးရင်တော့ ​စတင် ​အသက်ဝင်လာမှာဖြစ်တယ်လို့ ​ဘန်ကောက်ပို့စ်သတင်းစာမှာ ​ဖော်ပြထားပါတယ်။ ​ဒါပေမယ့် ​လက်မှတ်ထိုးမယ့်ရက်ကိုတော့ ​သတ်မှတ်တာမရှိသေးဘူးလို့ ​ဆိုပါတယ်။
မြန်မာနဲ့ ​ထိုင်းနိုင်ငံသားတွေအနေနဲ့ ​ဗီဇာမလိုအပ်ပဲ ​၀င်ထွက်လို့ရတဲ့လမ်းကြောင်း ​၂၃ခုကို ​သတ်မှတ်ပေးထားတယ်လို့ ​ထိုင်းနိုင်ငံက ​အစိုးရပြောရေးဆိုခွင့်ရှိသူ ​Teerat ​Ratanasevi ​က ​ပြောပါတယ်။
အဲဒီ ​၀င်ထွက်လို့ရတဲ့ ​လမ်းကြောင်း ​၂၃ခုထဲမှာ ​Suvarnabhumi, ​Don ​Mueang, ​Mae ​Hong ​Son, ​Chiang ​Mai, ​Chiang ​Rai, ​Phuket, ​Mae ​Sot, ​Narathiwat ​နဲ့ ​Ranong ​လေဆိပ်တွေလည်း ​ပါဝင်ပါတယ်။
ဒီလို ​ဗီဇာမလိုအပ်ပဲ ​သွားလာခွင့်ပေးတာဟာ ​နယ်စပ်ဂိတ်ကနေဖြတ်ကျော်သွားလာနေတဲ့ ​ခရီးသည်တွေမပါဝင်ဘူးလို့ ​ဆိုပါတယ်။
အခုလို ​ဗီဇာ ​မလိုအပ်ပဲနဲ့ ​နှစ်နိုင်ငံ ​နိုင်ငံသားတွေကို ​လေကြောင်းခရီးက ​နေ ​ရက်တိုသွားလာခွင့်ပေးရတဲ့ ​အကြောင်းအရင်းကိုတော့ ​ထိုင်းနိုင်ငံအစိုးရအနေနဲ့ ​ပြောဆိုထားခြင်း ​မရှိဘူးလို့ ​သိရပါတယ်။
 http://www.radioaustralia.net.au/burmese/2013-10-23/1208736

0 comments:

Post a Comment