ထိုင်းရောက် မြန်မာလုပ်သား လူငယ်များ HIV ကူးစက်ခံရမှုပိုများလာ

20 June 2013 
By Popular News
ထိုင်းရောက် မြန်မာလုပ်သား လူငယ်များ HIV ကူးစက်ခံရမှုပိုများလာထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သား များတွင် HIV/AIDS ရောဂါ တွေ့ရှိ ရမှုမှာ အသက် ၂ဝ ဝန်းကျင်လူ ငယ်ပိုင်းတွင် ပိုများ လာကြောင်း ရတ် ထိုင်းကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ မှ သိရသည်။ ”နဂိုကဆို အသက် ၃ဝ ကျော် ပိုင်းမှာပဲ တွေ့ရှိနေတာက အခု နောက် ပိုင်း အသက် ၁၅ နှစ်ဝန်းကျင် ကိုယ် ဝန်ဆောင်သည်တွေမှာပါ တွေ့လာရပါ တယ်”ဟု ရတ်ထိုင်းမှ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့မှ ဦးအောင်မင်းက ပြောသည်။
၎င်းတို့ တွေ့ရှိရမှုမှာ ကိုယ်ဝန် ဆောင်များ ကိုယ်ဝန်အပ်ရာမှ စစ်ဆေး တွေ့ရှိချက်ဖြစ်သောကြောင့် ကျန်းမာ ရေး စစ်ဆေးမှုမရှိသော သူများတွင် မည်မျှ ရှိနေမည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောသည်။
လူငယ်များတွင် ကာလသားရော ဂါဖြစ်ပွား မှုနှုန်းမှာလည်း လွန်ခဲ့သော လေးနှစ်ခန့်က ထက်ပိုမို များပြားလာ ကြောင်းံ HIV/AIDS ရောဂါ တွေ့ရှိပြီး ၎င်းတို့ဆီ ရောက်ရှိ လာသော ရောဂါ ရှင်အများစုမှာ ရောဂါကျွမ်းပြီး သေဆုံး သွားသူများ များပြားကြောင်း ၎င်းက ဆိုသည်။ ရတ်ထိုင်း ကျန်းမာရေး စောင့် ရှောက်မှုအဖွဲ့မှ ဦးအောင်မင်းက HIV/AIDS ဖြစ်ပွား သူဦးရေကို အတိအကျ စာရင်းမသိရှိရကြောင်း၊ သို့သော် လူ ပေါင်း ၃ဝဝဝ ကို စစ်ဆေးပါက ၁ဝ ဦး မှ ၁၅ ဦးခန့်တွင် HIV/AIDSတွေ့ ရှိရ ကြောင်းပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သား များကို ကျန်းမာရေး၊ လူမှုရေး၊ နေထိုင် ရေး ကိစ္စရပ်များကို NGO များက စောင့်ရှောက်ကူညီ ပေးလိုသော်လည်း တရားမဝင်လုပ်သား များပြားမှုသည် ၎င်း တို့အတွက် အဓိကအခက်အခဲဖြစ်နေကြောင်း စမုဆောင်ခရမ် လွှတ်တော်အမတ် Mr.Surajit Ehirawate က ပြောသည်။ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းခန့်ရှိပြီး စမုစခွန်ခရိုင် တွင် ၅ သိန်းခန့်ရှိရာ သုံးပုံ တစ်ပုံသာ တရားဝင်နေထိုင်ကြသူများ ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
ဝေယံမိုးမြင့်

0 comments:

Post a Comment