ဗီတာမင် D ချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါဖြစ်နှုန်း လွန်ခဲ့သည့် ၁၅နှစ်ကထက် လေးဆခန့်ပိုများ

07 January 2013   ဗီတာမင် D ချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါဖြစ်နှုန်း    လွန်ခဲ့သည့် ၁၅နှစ်ကထက် လေးဆခန့် ပိုများ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးငယ် တွေဟာ နေရောင်ခြည်က ရရှိတဲ့ ဗီတာမင် D ကို လုံလောက်စွာ မရရှိတာကြောင့် အရိုးပျော့ရောဂါ ဖြစ်နှုန်းဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် လေးဆခန့် ပိုများနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဗီတာမင် D ချို့တဲ့တာကြောင့် ကြီးထွားမှုပြဿနာ လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဆီးချိုရောဂါ၊ ရင်ကျပ် ပန်းနာရောဂါ၊ တီဘီရောဂါ၊ နှလုံးရောဂါနဲ့ Multiple Sclerosis ရောဂါတွေဟာလည်း ဗီတာမင် D ချို့တဲ့ တာနဲ့ ဆက်စပ်မှုရှိ တယ်လို့ ဆိုပါတယ်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ပြီးကတည်းက Ricket ခေါ်တဲ့ အရိုးပျော့ ရောဂါဟာ ဖြစ်ပွားမှုမရှိတော့ပေမယ့် အခုနောက်ပိုင်း မှာ မွေးဖွားတဲ့ ကလေးငယ်တွေမှာ ဒီရောဂါဖြစ်နှုန်း မြင့်တက်နေတယ်လို့ သိရ မှာ အရိုးပျော့ရောဂါရှိသူ ၁၈၃ ယောက် သာရှိပေမယ့် မနှစ်က ၇၆၂ ယောက်ထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗီတာမင် D လုံလောက်စွာရရှိအောင် နံ နက်ခင်းနေရောင်ခြည်ကို ခံယူဖို့ လိုအပ်ပြီး အဆီများတဲ့ငါး များများစားဖို့လည်း လို တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိ ခင်၊ နို့တိုက်မိခင်၊ အသက် ခြောက်လမှ ငါးနှစ်အရွယ် ကလေးငယ်နဲ့ အသက် ၆၅ နှစ်ကျော်သူတိုင်း ဗီတာမင် D ကို အားဖြည့်ဆေး အဖြစ် မှီဝဲဖို့ အကြံပေးထားတယ်လို့ သိရပါတယ်။
ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment