တောင်တက်သမားများတွင် ဦးနှောက် တွင်း သွေးယိုစီးမှုဖြစ်နိုင်ခြေ မြင့်မား

14 December 2012  

By Good Health

တောင်တက်သမားများတွင် ဦးနှောက်တွင်း သွေးယိုစီးမှုဖြစ်နိုင်ခြေ မြင့်မားတောင်အမြင့်ကို တက်သူတွေမှာ လေဖိအား အပြောင်းအလဲကြောင့် ဦးနှောက်အတွင်း သွေးယိုစီး
မှုဖြစ်နိုင်ခြေ မြင့်မားကြောင်း လေ့လာမှု အရ သိရပါတယ်။ ဦးနှောက်အတွင်း ဖောရောင်တာ (High Altitude Cerebral Edema) ဟာ အလွန်ဆိုးရွားပြီး သေဆုံးနိုင်တဲ့ အခြေအနေ ရှိကာ ပေ ၇၀ဝ၀ အထက်မြင့်တဲ့ တောင်တက်သမားတွေမှာ အဖြစ် များတယ်လို့ ဆိုပါတယ်။ လေဖိအား အပြောင်းအလဲကြောင့် သွေးကြောငယ်တွေမှ သွေးရည်ကြည်တွေ ဦးနှောက် တစ်သျှူး အတွင်းသို့ စိမ့်ထွက်လာတာကြောင့် ဦးနှောက်အတွင်း ရောင်ရမ်းမှု တွေဖြစ်လာပါတယ်။ ရောဂါလက္ခဏာ အနေနဲ့ ခေါင်းကိုက်တာနဲ့ အသိစိတ်အဆင့် တဖြည်းဖြည်းလျော့နည်းတာတွေ ပြတတ်ပါတယ်။ သူတို့ရဲ့ ဦးနှောက်ကို ဓာတ်မှန် ရိုက်ကြည့်ရာမှာ သွေးကြောတွေ အများကြီး ပေါက်ထွက်နေတာကို မြင်တွေ့ရပါတယ်။ များသော အားဖြင့် ဦးနှောက် ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်းကို ဆက်သွယ် ထားတဲ့ အာရုံကြောစုကြီးပေါ်မှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပြီး သွေးကြော ရောင်ရမ်းတဲ့ လက္ခဏာနဲ့ ကွဲပြားမှုရှိနိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment