Ballarat တက္ကသိုလ်မှ MBA ဘာသာရပ် အတွက် Study Grant ပေးအပ်မည်

18 December 2012   Ballarat တက္ကသိုလ်မှ MBA ဘာသာရပ်အတွက် Study Grant ပေးအပ်မည်၂၀၁၃ ခုနှစ် ကျောင်းဖွင့်ချိန် တွင် ဩစတြေးလျ နိုင်ငံ၏ University of Ballarat မှMBA ဘာသာရပ် အတွက် Study Grant အနေဖြင့် စင်ကာပူဒေါ်လာ ၃,ဝ၀ဝ ပေးအပ် သွားမည်ဖြစ်ကြောင်း OSM Education Centre မှ သိရသည်။

MBA ပညာသင်ဆုကို ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်ကျောင်းဖွင့် ချိန် အတန်းအတွက် ပေးအပ်မည် ဖြစ်ပြီး MBA ပညာရပ်ကိုတက် ရောက်မည့် ကျောင်းသား၊ ကျောင်း သူများအနေဖြင့် တက်ရောက်ရမည့် ကာလမှာ တစ်နှစ်ခွဲ နှစ်နှစ်ကြာမြင့်မည် ဖြစ်သည်။
ပညာသင်ဆုကို လျှောက် ထားလိုသူများအနေဖြင့် Bachelor ဘွဲ့တစ်ခုခုရရှိထားရမည်ဖြစ်ပြီး အင်္ဂ လိပ်စာ လိုအပ်ချက်အနေဖြင့် IELTS 6.0 ရရှိထားရမည်ဖြစ်သည်။
ဩစ တြေးလျနိုင်ငံရှိ University of Ballarat သည်NIM နှင့် ချိတ်ဆက် ထားပြီး Association of Comm - on Wealth University ၏ အဖွဲ့ဝင် ကျောင်းတစ်ကျောင်းဖြစ်သည်။ ကျောင်းသားများအနေဖြင့် လည်းNIM တွင် နှစ်နှစ်တက်ရောက် ကာ University of Ballarat မှ ပေး အပ်သော Degree ကို ရရှိနိုင်မည် ဖြစ်သည်။
ပညာသင်ဆုလျောက်လွှာ များကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နောက်ဆုံးထား၍ လျောက်ထား ရမည်ဖြစ်ပြီး အသေးစိတ်အချက် အလက်များ သိရှိလိုပါကOSM Centre ဖုန်း ဝ၉၇၃၁၄၇၃၇၉၊ ဝ၁- ၅၂၅၉၇၁ သို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်သည်။
MSL

0 comments:

Post a Comment