သြဂဲနစ်မဟုတ်သော အစားအစာများထဲမှ ရွေးချယ်စရာ

15 November 2012

By Health Digest

သြဂဲနစ်မဟုတ်သော အစားအစာများထဲမှ ရွေးချယ်စရာဩဂဲနစ်ဟင်းသီးဟင်းရွက်၊ ဩဂဲ နစ်သစ်သီးဝလံစတဲ့ ဩဂဲနစ် စားစရာ များဆိုတာကတော့ အဲဒီအစားအစာ တွေထဲမှာ ဓာတုပစ္စည်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတုဓာတ် မြေဩဇာ စတာတွေ မသုံးဘဲ သဘာဝနည်းအတိုင်း စိုက်ပျိုးထုတ် လုပ်ထားတဲ့ အစားအစာတွေကို ခေါ်ပါတယ်။ ပိုးသတ်ဆေးနဲ့ ဓာတု ပစ္စည်း အကြွင်းအကျန်တွေရဲ့ ဘေး ထွက်ဆိုးကျိုးကင်းစင်တဲ့ ဩဂဲနစ်စား စရာများဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေလို့ ရွေးချယ်စားသုံး ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂဲနစ်စားစရာတွေ ဟာ ဝယ်ယူရန် အကန့်အသတ်ရှိခြင်း၊ တစ်ခါတစ်ရံမှာ လွယ်လင့်တကူ ဝယ်ယူဖို့ အခက်အခဲရှိခြင်း၊ မိမိ သုံးနိုင်သော ငွေကြေးပမာဏထက် ကျော်လွန်နေခြင်း (ဈေးကြီးခြင်း) စတာတွေကြောင့် ဩဂဲနစ် မဟုတ်တဲ့ စားစရာများကို စားရမယ့် အခြေအနေ နဲ့ ကြုံတွေ့နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ဩဂဲနစ်မဟုတ် ပေမယ့် အတန်အသင့်သန့်ရှင်းတဲ့ အတွက် စားသုံးနိုင်တဲ့ စားစရာစာရင်း ကို Environmental Working Group က ၂၀၁၁ ခုနှစ်မှာ သုတေ သနပြုပြီး စာရင်းပြုစုခဲ့ပါတယ်။
အဲဒီ အစားအစာ ၁၅ မျိုးကတော့ ဩဂဲနစ် မဟုတ်ပေမယ့် ပိုးသတ်ဆေးနဲ့ ဓာတု ဆေးအကြွင်းအကျန်တွေက လက်သင့် ခံနိုင်လောက်တဲ့ ပမာဏအတွင်းမှာ သာ ပါဝင်နေလေ့ရှိတဲ့ စားစရာအချို့ ပါ။ အဆိုပါ ဟင်းသီးဟင်းရွက်တွေဟာ ဖုံးအုပ်ထားတဲ့ အလွှာတွေ၊ အခွံ အဖတ်တွေထူထဲတာကြောင့် ပိုးသတ် ဆေးဖျန်းတဲ့အခါ အတွင်းသားထဲကို မဝင်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။
၁။ ကြက်သွန်နီ
၂။ ပြောင်းဖူး
၃။ နာနတ်သီး
၎။ ထောပတ်သီး
၅။ ကညွတ်
၆။ စားတော်ပဲ
၇။ သရက်သီး
၈။ ခရမ်းသီး
၉။ သခွားမွှေးသီး
၁၀။ ကီဝီသီး
၁၁။ မုန်လာထုပ်
၁၂။ ဖရဲသီး
၁၃။ ကန်စွန်းဥ
၁၄။ ဂရိတ်ဖရုသီး
၁၅။ မှို
ခိုင်မွန်ကျော်

0 comments:

Post a Comment