ကမ္ဘာ့အိမ်ထောင်သက် အရှည်ဆုံး ဇနီးမောင်နှံ

16 November 2012 

ကမ္ဘာ့အိမ်ထောင်သက် အရှည်ဆုံး ဇနီးမောင်နှံအိမ်ထောင် တစ်ခု တည် ဆောက်တဲ့ အခါ ချစ်ခြင်းမေတ္တာ အပြင် တစ်ဦးပေါ် တစ်ဦး နားလည်မှု ပေးနိုင် မှ အိမ်ထောင်ရေး ခိုင်မြဲ အဓွန့်ရှည်မှာ ဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံ၊ ပန်ဂျက် ပြည်နယ် ကာရန်နဲ့ ကက်တာရီရှန်းတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင် သက်ဟာ ၈၇ နှစ်တောင် ရှိပြီလို့ သိရပါတယ်။
ဒါ ကြောင့် ကမ္ဘာ့အိမ်ထောင်သက် အရှည် ဆုံး ဇနီးမောင်နှံအဖြစ် ဂင်းနစ် ကမ္ဘာ့ စံချိန်အဖွဲ့ရဲ့ အသိအမှတ်ပြုခြင်း ခံခဲ့ရပါပြီ။ လက်ရှိ ကမ္ဘာ့စံချိန်ရှင် ဇနီး မောင်နှံထက်တောင် အိမ်ထောင်သက် ၅ နှစ်ပိုကြီးပါသတဲ့။
မစ္စတာကာရန် ရဲ့ အသက်က ၁၀၇ နှစ်နဲ့ ကက်တာ ရီရှန်းရဲ့ အသက်က ၁၀ဝ နှစ်ရှိပြီဖြစ် ပါတယ်။ ကျွန်တော် ကက်တာရီကို အမြဲရယ်အောင် လုပ်ပါတယ်။ ရယ် အောင်လို့လည်း ရယ်စရာတွေ အမြဲ ပြောဖြစ်ပါတယ်။
ဒီလိုရယ်စရာ ပြော တာဟာ ကျွန်တော်တို့ အိမ်ထောင်ရေး သာယာခြင်းရဲ့ နည်းလမ်းတစ်ခုပါပဲ” လို့ ကာရန်က ပြောကြားခဲ့ပါတယ်။ ကာရန်တို့ ဇနီးမောင်နှံမှာ သားသမီး ၈ ဦးရှိပြီး မြေး ၂၈ ဦးရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment