အသည်းကျန်းမာရေး ကောင်းစေနိုင်မည့် နည်းများ

12 November 2012  

By Good Health

အသည်းကျန်းမာရေး ကောင်းစေနိုင်မည့် နည်းများအသည်းဟာ တော်တော်လေး ပျက်စီးလာမှ ရောဂါ လက္ခဏာတွေ ပြတတ် တာကြောင့်ရောဂါ မဖြစ်ခင်မှာ ကြိုတင်ပြီး ကာကွယ်တာဟာ အကောင်း ဆုံးဖြစ်ပါ တယ်။ အသည်းကျန်း မာရေး ကောင်းစေတဲ့ အောက် ပါနည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။
ကျန်းမာရေးနှင့် ညီညွတ်သော အစာ စားပါ
ကောက်နှံ၊ နို့နဲ့ နို့ထွက် ပစ္စည်း၊ အသား၊ အဆီတွေအ ပြင် အမျှင်ပါဝင်မှုများတဲ့အစာ ဥပမာ - သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစရှိတဲ့ အစာအုပ်စု အားလုံးပါဝင်တဲ့ အစာတွေ ကို နေ့စဉ်စားသုံးပါ။ တစ်ခါစားရင် အ နည်းငယ်သာ စားတာဟာ အစာကြေ လွယ်ပြီး အသည်းကိုလည်း ဒဏ်ပိမှု နည်း စေတာကြောင့် ကောင်းတဲ့အလေ့ အကျင့်တစ်ခုပါ။
F ပါဝင်သည့် အစာများကို လျှော့စားပါ
တိုက်ဆိုင်မှု တစ်ခု လားတော့ မပြော တတ်ပါဘူး။ အသည်းဟာF နဲ့စတဲ့ အ စားအစာတွေနဲ့ မတည့်ပါဘူး။Fast food (အဆင်သင့်စားလို့ရတဲ့အစာ)၊ Fries (ဆီကြော်စာ)၊Fat (မပြည့်ဝဆီ)၊ Frutose (အချိုရည်)နဲ့Fish (ငါး)တောင် ပါဝင်ပါတယ်။ ငါးဟာ ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ အစားအစာ ဖြစ်ပေမယ့် ငါးကို အဆင်သင့်စားလို့ရအောင် ပြုပြင်ထား ရင် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
တချို့ငါးတွေမှာ မာကျူရီလိုမျိုး အဆိပ် သင့်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တတ် ပြီး အဲဒီငါးတွေကို မုန့်နှစ်ထဲမှာရောပြီး ကြော်စားမယ်ဆိုရင် အသည်းကျန်းမာ ရေးအတွက် မကောင်းပါဘူး။ လေ့လာမှု အများအပြားအရ ဖရူတို့စ်နဲ့ အဆီပါဝင် မှုများတဲ့အစာနဲ့ အဝလွန်တာနဲ့ အသည်း အဆီဖုံးရောဂါ ဆက်စပ်မှုရှိကြောင်း တွေ့ ရှိခဲ့ရတာမို့F နဲ့စတဲ့ အစားအစာအမျိုး အစားတွေကို လျှော့စားသင့်ပါတယ်။
အရက်ရှောင်ပါ
အသည်းကျန်းမာရေးအတွက် အ ရက်သောက်တတ်ရင် အရက်ဖြတ်ပါ။ တ ကယ်လို့ လုံးဝမဖြတ်နိုင်ရင်တောင်မှ လျှော့ သောက်ပါ။ အယ်လ်ကိုဟော ပမာဏ သောက်သုံးတာများလွန်းရင် အသည်း ဆဲလ်တွေ ပျက်စီးနိုင်ပါတယ်။ သင်ဟာ အသည်းကျန်းမာရေးမကောင်းသူဖြစ်နေ ရင် အရက်ပမာဏအနည်းငယ်သောက် ရင်တောင် ရောဂါပိုဆိုးနိုင်ပါတယ်။
သဘာဝထုတ်ကုန်များကို အသုံးပြုပါ
ပိုးသတ်ဆေး၊ သန့်ရှင်းရေးစပရေး၊ စီးကရက်ငွေ့၊ အိမ်သုတ်ဆေးနဲ့ ကား အိတ်ဇောငွေ့တွေကို သတိထားပါ။ သင့် အိမ်တစ်ဝိုက်မှာ ပိုးသတ်ဆေးတွေ ဖျန်း နေတယ်ဆိုရင် ပိုးကောင်နဲ့ ပိုးဟပ်တွေ ကိုပဲ သေစေနိုင်ရုံမကပါဘူး။ သင့်အ သည်းပါ ဒုက္ခရောက်နိုင်ပါတယ်။ ဒီလို ဓာတုပစ္စည်းတွေ အသုံးပြုမယ်ဆိုရင် အ သုံးပြုမည့်အခန်းဟာ လေဝင်လေထွက် ကောင်းမွန်ရပါမယ်။ လက်အိတ်ဝတ်ဆင် တာ ဒါမှမဟုတ် မျက်နှာဖုံးအုပ်ထားရမှာ ဖြစ်ပြီး အသုံးပြုပြီးတိုင်း လက်ကိုသေချာ ဆေးကြောပါ။ ဖြစ်နိုင်ရင် သဘာဝထုတ် ကုန်တွေ အသုံးပြုပေးပါ။
ဆေးဝါးအသုံးပြုမှု သတိထားပါ
ဆေးဝါးကို လိုအပ်မှသာ အသုံးပြု ပြီး အညွှန်းအတိုင်း လိုက်နာရပါမယ်။ သုံးစွဲတဲ့ပမာဏ မမှန်ကန်တာ၊ အကြာ ကြီး သုံးစွဲတာလိုမျိုး သုံးစွဲနည်းမမှန်ကန် တာတွေကြောင့် အသည်းဒုက္ခရောက်နိုင် သလို ဆေးဝါးနဲ့ အရက်လိုမျိုး မတည့်တဲ့ ဆေးဝါးအချင်းချင်း ပေါင်းစပ်ပြီးသောက် မိတာတွေကြောင့်လည်း အသည်းပျက်စီး စေနိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment