ဆေးဝါးလုံလောက်မှုမရှိတဲ့ ကျေးလက်ဒေသဘက်မှာ ကပ်ရောဂါဖြစ်ပွားနေ

Tuesday, 07 August 2012 10:43

၎င်းကြက်ညှာချောင်းဆိုး ရောဂါဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်တွေက ၂ ပတ်လောက် ကြာပြီဖြစ်ပြီး ကပ်ရောဂါကဲ့သို့ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ ဒုဒါရိုက်တာ ဆရာထူးဘွယ်က ပြောပါတယ်။
ဆရာထူးဘွယ်က “ဖြစ်ပွားမှုအခြေအနေကတော့ စိုးရိမ်ရတယ်လို့ ပြောလို့ရတယ်ပေါ့နော ကြက်ညှာချောင်းဆိုးက အဲမှာ  ကူးစက်ရောဂါဖြစ်တာကော ကူးစက်ရောဂါတမျိုးဖြစ်တယ် နောက် ဖြစ်ပြီဆိုရင်လည်း ကပ်ရောဂါအသွင်နဲ့ ဖြစ်ဖို့များတယ်”လို့ ပြောပါတယ်။

ကရင်နီဒေသ ကျေးလက်ရွာတနေရာ၌ ကျန်းမာရေးလုပ်သားများ ရွာသူရွာသားများအား ဆေးကုသပေးနေစဉ်
ဖရူဆိုမြို့နယ် ခါးဘယ်ကျေးရွာအုပ်စု ထေခိုကျေးရွာမှာ ကြက်ညှာချောင်းဆိုး ကပ်ရောဂါဖြစ်ပွားနေကြ တာဖြစ်ပါတယ်။ ရောဂါဝေဒနာခံစားနေရသူမှာ ၅ နှစ်အောက်ကလေးငယ် ၃၇ ယောက်နဲ့ ၅နှစ်အထက် ၅၄ယောက်ရှိပါတယ်။  ယခုချိန်ထိတော့ အသေအပျောက်မရှိသေးပေမဲ့လို့ လူနာတွေကို သီးသန့်ခွဲထားပြီး ကျောင်းတွေပိတ်ထားရပါတယ်။ ခါးဘယ်ကျေးရွာအုပ်စုအတွင်းမှာ လူနာတွေကို သွားရောက်ကုသပေးနေတဲ့ ကရင်နီ ကျန်းမာရေး ဆေးလုပ်သား တဦးက ဆေးဝါးမလုံလောက်တဲ့အတွက် တဖက်တလမ်းကနေ ကုသမှုထက် ကြိုတင်ကာကွယ်မှုတွေကိုဘဲ အလေးထားဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။  
ကရင်နီ ကျန်းမာရေးဆေးလုပ်သား တဦးက “ကျနော်တို့ ကရင်နီနယ်လှည့်ကျန်းမာရေးအဖွဲ့ကတော့ ရှိတဲ့ဆေးဝါးနဲ့ တတ်နိုင်တဲ့နည်းလမ်းနဲ့ ကျနော်တို့ပြုစု စောင့်ရှောက်တယ်ပေါ့နော အဲလူနာတွေကိုပေါ့ ခွဲထားတာတို့ ပညာပေးတာတို့ ပြီးတော့လူနာကို ဘယ်လိုပြုစုရမှာလဲ ဘယ်လိုပံ့ပိုးပေးရမှာလဲ ဘယ်လိုလဲဆို ကျနော်တို့ကဆေးဝါးတွေ မလုံးလောက်ဘူးပေါ့နော။ ဆေးဝါးတွေ အခက်အခဲရှိတော့ လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲရှိတော့ ဆေးဝါးတွေက မလုံလောက်တော့ .. များသောအားဖြင့် ပညာပေးတဲ့စနစ်ပဲလုပ်တယ်” လို့ ပြောပါတယ်။  
ခါးဘယ်ကျေးရွာအုပ်စု ထေးခိုရွာ နှင့်အနီးအနားမှာ ရှိတဲ့ ကျေးရွာတွေလည်း ကြက်ညှာချောင်းဆိုးရောဂါ စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အစိုးရ ကျေးလက်ဆေးပေးခန်းတွေမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အပြင် ဆေးဆရာ/မတွေလည်း မရှိကြတဲ့နေရာတွေမှာ ကရင်နီ နယ်လှည့်ကျန်းမာရေးလုပ်သား အဖွဲ့တွေကနေပြီး ဆေးဝါးကုသပေးလျက် ရှိနေပါတယ်။

0 comments:

Post a Comment