မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ရင်းနှီးမြှုပ်နှံရန် ပိုလန်နိုင်ငံမှ လုပ်ငန်းရှင်များလာရောက်

 Saturday, 12 May 2012 23:37
မြန်မာ-ပိုလန် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲအား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ နှစ်နိုင်ငံမှတာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ပိုလန်နိုင်ငံ၏ ကမ္ဘာပေါ်တွင် မြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ထားမှု အခြေအနေကို ပိုလန်တာဝန်ရှိသူများက ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံမှ မြန်မာနိုင်ငံတွင် မြှုပ်နှံမည်ဆိုပါက ရရှိမည့် အခွင့်အလမ်းများ၊ ဥပဒေများ၊ မြှုပ်နှံရန် အလားအလာကောင်းသော ကဏ္ဍများနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံမှု အခြေအနေများကို ရှင်းလင်းခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်သည့် လုပ်ငန်းရှင်တစ်ဦးက ''ပိုလန်က အခုမှ ပထမဆုံးမြှုပ်နှံဖို့ လာတာဖြစ်သလို သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အနေအထားတွေကို ကျွမ်းဝင်အောင် လာရောက်လေ့လာတာဖြစ်တယ်။ လာတဲ့လုပ်ငန်းရှင်တွေက လည်း လုပ်ငန်းကြီးတွေ တည်ဆောက်မှုအပိုင်းက လုပ်ငန်းရှင်တွေချည်းပဲ''ဟု ရှင်းပြခဲ့သည်။
http://www.news-eleven.com

0 comments:

Post a Comment