ရွာထဲ မိုင်းပစ်ခတ်ပေါက်ကွဲမှုတွင် အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရ

 21 May 2012
KNG

တိုက်ပွဲဖြစ်နေသော ကချင်ပြည်နယ် တောင်ဘက် မန်ဂျေ (မံစီ)မြို့နယ်တွင် မေ ၈ ရက်၊ ည ၁၀ နာရီ မိနစ် ၂၀ ချိန်တွင် ရွာထဲသို့ လက်နက်ကြီးများနှင့် ဗုံးများပစ်ခတ်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိကြောင်း ရွာသားများဆိုသည်။

ပေါက်ကွဲလာသည့် ဗုံးသည် အပြစ်မဲ့ပြည်သူများ အိမ်ခြံဝန်းသို့ ကျရောက်ပေါက်ကွဲလာပြီး အသက် ၁၂ နှစ် ယောက်ျားလေးအား ဗုံးစထိခိုက်မှန်သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဆွေမျိုးများပြောသည်။

ဗုံးစများသည် ဝမ်းဗိုက် ၅ နေရာတွင် ထိမှန်ပြီး ယခုအချိန်တွင် ဗန်းမော်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း ဒေသခံများ ပြောသည်။

ထိုသို့ ပေါက်ကွဲသည့် တပ်သည် မည်သည့် တပ်မှဖြစ်ကြောင်း မသိရပါ။ ရွာပတ်ဝန်းကျင်တွင် မြန်မာတပ်များနှင့် KIA တပ်များလည်း ရှိကြောင်းသိရသည်။

0 comments:

Post a Comment