UNFC သတင်းစာရှင်းလင်းပွဲ

Friday, 02 March 2012 14:38  

ကူးဒူ

သတင်းစာရှင်းလင်းပွဲကို ကန္တာရ၀တီတိုင်း(မ်)သတင်းထောက် ကူးဒူကနေ သွားရောက်ပြီး အောက်ပါအတိုင်း ကောက်နုတ်တင်ပြထားပါတယ်။

နိုင်ဟံသာ
UNFC ပြောရေးဆိုခွင့်ရှိသူ
“တဖက်က အထိုက်အလျောက် ပြောင်းလဲလာတဲ့ အသွင်လက္ခဏာတွေမြင်လာပါတယ်။ ဒါကိုကျနော်တို့ကြိုဆိုတယ်။ ဒါပေမဲ့ ဒါစိတ်ချရပြီလားဆိုတဲ့ အနေထားမျိုး ကျနော်တို့ စိတ်မချရဲပါဘူး။ နောက်အတွေ့အကြုံအရလည်း တဖက်ကပြောမယ်ဆိုရင် ဒီ သမ္မတဦးသိန်းစိန်အစိုးရက အရင်က န၀တ နအဖ အစိုးရပါပဲနော.. လူပဲ..သဘောကတော့ အ၀တ်အစားလောက်ပဲ ပြောင်းသွားတဲ့ သဘောမျိုး အခြေခံအတွေးအခေါ်က ဘယ်လောက်ပြောင်းလဲနေပြီး ဆိုတဲ့ဟာကတော့ ကျနော်တို့စီစစ်နေတုန်းပါပဲ”…
“တဖက်ကပြောင်းလဲလာ မှုအပေါ်မှာ ကျနော်တို့ကလည်း အခွင့်ကောင်းတရပ်အနေနဲ့ဒါကို အသုံးချပြီးတော့မှ အပြောင်းလဲဖြစ်သွားဖို့ဆိုတဲ့ဟာကို ကျနော်တို့ကလည်း အတတ်နိုင်ဆုံး လိုက်လျောပြီးတော့မှ ဒါက အဲဒီအပြောင်းအလဲကို တကယ့်အပြောင်းအလဲ အကောင်းဖက်ကို ပြောင်းလဲဖို့ အားဖြစ်သွားအောင် ကျနော်တို့က ၀ိုင်းဝန်းပြီးတော့မှ တချို့နေရာမှာ ၀င်ပြီးတော့ညှိနှိုင်းတယ် ဆွေးနွေးတယ်။ ဒါက ဒီအကွက်ကောင်းကို တဖက်ကပြောမယ်ဆိုရင်တော့ ကျနော်တို့က စမ်းသပ်ရင်းနဲ့ တဖက်က တကယ့်အပြောင်းအလဲဖက်ကို ရောက်သွားနိုင်မလားဆိုပြီးတော့မှ သတိနဲ့ပေါ့နော ကျနော်တို့က ၀င်ပြီးတော့မှ ဒီတွေ့ဆုံဆွေးနွေးရေး ကိစ္စအပေါ်မှာ ၀င်ပြီးမှ လုပ်ဆောင်တာဖြစ်တယ် ”

အေဘယ်ဒွိ
UNFC ဒုဥက္ကဌ

(ဓါတ်ပုံ-ကေတီ)
“ကျနော်တို့ တိုင်းရင်းသားတွေက အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ကျနော်တို့က ကျနော်တို့ အခွင့်အရေးအတွက် တိုက်နေတာ ဖြစ်တယ်။ ဗမာနိုင်ငံမှာ ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစပြီး ဗမာလူမျိုးနဲ့ ဗမာလူမျိုး မဟုတ်တဲ့ သူတွေ အကြားမှာ ကြီးတဲ့ပြဿနာတခုဖြစ်ခဲ့ပါတယ်။ ဒီကနေ့အထိ အရေးကြီးဆုံးအရာ ဆက်ဖြစ်နေတာက ဆက်ဆံရေးပဲ။ ဆက်ဆံရေး ဆိုတာက တန်းတူမှုပါ။
ဗမာလူမျိုးနဲ့ ဗမာလူမျိုး မဟုတ်တဲ့ အကြားမှာ တန်းတူမှု မရှိဘူး။ အဲဒါကြောင့် ဒီပြဿနာက ဒီအထိဆက်ဖြစ်နေတာဖြစ်တယ်။ အနာဂတ်မှာ ဒီပြဿနာကို ကျနော်တို့ တိုင်းရင်းသားတွေက ငြိမ်းချမ်စွာ ဖြေရှင်းချင်ပါတယ်။”
 
ဒေါက်တာ လှဂျာ
KIO head of Research and Legality

(ဓါတ်ပုံ-ကေတီ)
“ယခု ဘာလိုသလဲဆိုရင် နိုင်ငံရေးဆွေးနွေးမှုသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းပါပဲ။ ဒါကြောင့် သူတို့လည်း နိုင်ငံရေး ဆွေးနွေးမယ်လို့တော့ ပြောတယ်။ သို့သော် ကျနော်တို့က အာမခံချက်ရှိတဲ့ နိုင်ငံရေး ရဖို့ သူတို့ ဘာပေးနိုင်မလဲဆိုတဲ့ အာမခံရှိရှိဖြစ်အောင် ဒီဟာကို ဘယ်လိုပြုပေးနိုင်မလဲဆိုတဲ့ဟာကို အဲဒါကြောင့် ကျနော်တို့ ဒီတခေါက် agreenment ပဏာမ သဘောတူညီချက်အနေနဲ့ လက်မှတ်ထိုးကြမယ်ဆိုရင် ကျနော်တို့က ဒါကြောင့် ဒီပစ်ကြခတ်ကြရေးဟာ ရပ်ဆိုင်းသွားဖို့ဟာ စစ်ပွဲ ရပ်ဆိုင်းသွားဖို့ဟာ ခင်များတို့ရဲ့ တပ်တွေ အစိုးရရဲ့ တပ်မတော်တပ်တွေ ကျနော်ုတို့  ဧရိယာမှာ ၀င်ထိုးထားတဲ့ဟာတွေ ထိုးစစ်ဆင်ထားတဲ့ နေရာတွေကို ရုတ်သိမ်းပါလို့ ပြောတယ်။ ရုတ်သိမ်းမယ်။ အားလုံး သူတို့လည်း စာရင်းတောင်းတယ်။ စာရင်းတောင်းတာကို ပေးပြီ။ ဘယ်ဟာ ဘယ်ဟာ ရုတ်သိမ်းပါ။ ရုတ်သိမ်းလို့ရှိရင် ကျနော်တို့က အရင်ကတည်းက ရှိတဲ့ တပ်စခန်းတွေ ၊ တပ်ရင်း၊ တပ်စခန်း အဲဒါကို ကျနော်တို့ လိုက်တိုက်နေတာမဟုတ်ဘူး... ဆိုင်းထိုးတာက အရင် ၉၄ ခုနှစ်မှာ ကျနော်တို့ ထိုးကြပြီးပါပြီ။
အဲဒါကြောင့် နိုင်ငံရေးစားပွဲပေါ် တင်ဖို့ပဲ ရှိပါတယ်။ အဲဒါကြောင့် တပ်ကို ရုတ်ပေးပါ။ စစ်ပွဲ ပစ်ကြခတ်ကြတာတွေ ရပ်ဖို့ဆိုရင် ၁။ တပ်ကို ရုတ်ပေးပါ။ ၂။ ဒီဟာကို နိုင်ငံရေး အနှစ်သာရရှိတဲ့ နိုင်ငံရေးအရ ဆွေးနွေးသွားမယ်ဆိုတဲ့ဟာကို အာမခံချက်ရှိအောင် ကျနော်တို့ နိုင်ငံတကာလည်းပဲ သက်သေပြုကြပါစေလို့ တောင်းဆိုထားပါတယ်။ ဒါကြောင့် ယခု ယခင်နဲ့ ကွာတာကတော့ စစ်အစိုးရဆိုပြီးတော့မှ နိုင်ငံရေးမူကို လက်မခံဘူး။ ဒီတခေါက်တော့ ဒီဟာလက်ခံတဲ့ လေသံတော့ ပေးပါတယ်။ သို့သော် တကယ်တမ်း စားပွဲပေါ် ထိုင်ကြတဲ့ ဘယ်လိုရလဒ်မျိုး ရှိလာမယ်ဆိုတာတော့ မသိရသေးပါဘူး။”
 
 
ဗိုလ်မှူး စန်းအောင် - ကလိုထူးဘောစစ်ရေးဗျူဟာမှူး
DKBA
“အခုငြိမ်းချမ်းရေး သွားပြီးထိုးတဲ့ ကျနော်တို့ကြုံသလောက်က သူ(အစိုးရ)ကကျနော်တို့ကို သူ့ရဲ့စကား… ဥပမာ..အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အခုလူငယ်စကားနဲ့ ပြောမယ်ဆိုလို့ရှိရင် ဆံပင်ဖြူတဲ့လူကို ဆံပင်အမဲဆိုးထားတယ်… မလှတဲ့လူကို ကိုးရီးယားမင်းသမီးနဲ့တူအောင် အလှပြင်ဆိုင်မှာ ပြင်ခိုင်းတဲ့အနေထားလည်းရှိတယ်။ ဒါဟာကျနော်တို့ သိနားလည်ရသလောက်ပေါ့… ကျနော်တို့…သိရက်သားနဲ့ ဘာလို့သွားလဲ အဲလိုမေးမယ်ဆိုလို့ရှိရင်လည်း အများကြီးပြောလို့ရတယ်။ အေမသိရင်သူက ကျနော်တို့ငြိမ်းချမ်းရေး တံတားတခုဆောက်ပေးတယ် သူဆောက်တဲ့ငြိမ်းချမ်းရေးတံတားဟာ ကျနော်တို့ တော်လှန်ရေအင်အားစုအတွက် ကျနော်တို့တိုင်းရင်းသားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေး တံတားမဟုတ်ဘူး ကျနော်တို့သွားတယ် လုပ်တုတ်လုတ်တုတ်နဲ့ ကျိုးမလားပြိုမလား ပြုတ်ကျမလားဟို အသည်းထိတ်ထိတ်ရင်ဖိုဖိုနဲ့… ကျနော်တို့စစ်တိုက်တာတောင် ကျနော်တို့ဒီလောက်မကြောက်ရဘူး။ ဒီငြိမ်းချမ်းရေးတံတားပေါ်မှာ ကူးနေတာ ကျနော်တို့အကြောက်တရားအများကြီးရှိတယ်။ ဒါပေမယ့် လုပ်ကြည့်တယ် နော်..မလုပ်တဲ့အသင်းအဖွဲ့တွေလည်း အများကြီးရှိတယ် ဒါပေမယ့် အဲဒီအသင်းအဖွဲ့တွေလည်း လုပ်ပါလည်းကျနော်တို့မပြောဘူး။ မလုပ်ပါလို့လည်းကျနော်တို့မပြောဘူး ဒါပေမဲ့ကျနော်တို့လုပ်လိုက်တဲ့ငြိမ်းချမ်းရေးရော ဘယ်လောက်ခိုင်မလဲ။ ကျနော်တို့မေးခွန်းထုတ် လိုက်ရင်ကျနော်တို့လည်း ဟို ကျနော်တို့ဇွဲကပင် တောင်လိုခိုင်တယ်လို့မပြောရဲဘူး အဲလောက်ပဲကျနော်ပြောချင်တယ်”
 

ခွန်ဥက္ကာ
PNLO တွဲဘက်အတွင်းရေးမှူး

(ဓါတ်ပုံ-ဒီဗွီဘီ)
“ဆွေးနွေးရေးကို လက်မခံပါဘူး။ ထို့အတူပဲ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်လိုရင် လွတ်တော်အတွင်းသို့ ၀င်ရောက်၍ အများသဘောတူဆန္ဒမဲဖြင့် ပြင်ဆင်နိုင်သည်ဆိုတဲ့ လွတ်တော်အတွင်းမှာ ၀င်ရောက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း လက်မခံပါဘူး။ ဒါကြောင့် ကျနော်တို့က ၂၀၀၈ရဲ့ ဖွဲ့စည်းပုံ အောက်မှာ ဆွေးနွေးခြင်း၊ လွတ်တော်အောက်မှာ ဆွေးနွေးခြင်းကို လက်မခံပါဘူး။ အဲဒါကျနော်တို့ ရှင်းလင်းလိုပါတယ်။ နောက်ပြီးတော့ UNFC အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်သွားဖို့ တူညီတဲ့ အဖွဲ့ဝင် တွေကြားမှာ တူညီတဲ့ အခြေခံမူတွေ ချထားပြီးသား ဖြစ်ပါတယ်။ တူညီတဲ့ ရည်မှန်းချက်တွေ ချထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ တူညီတဲ့ ငြိမ်းချမ်းရေး၊ ဆွေးနွေးရေး လုပ်ငန်းစဉ် အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံး စသည်ဖြင့် ချမှတ်ပြီးသား ရှိပါတယ်ခင်ဗျား။”

0 comments:

Post a Comment