Olympus ကုမ္ပဏီ ငွေစာရင်း လိမ်မှု အတွက် လူ ၇ ဦး အဖမ်းခံရ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ရဲတပ်ဖွဲ့ဝင် များမှာ ကြာသပတေး နေ့က နိုင်ငံ အတွင်းရှိ မျက်လုံးနှင့် ဆိုင်သော ကိရိယာများနှင့် ကင်မရာများ ကို ထုတ်လုပ် နေသည့် ကုမ္ပဏီကြီး ဖြစ်သည့် Olympus တွင်

ငွေကြေး အလွဲသုံးစား လုပ်မှုများနှင့် ပတ်သက်ပြီး လူခြောက်ဦးကို ဖမ်းဆီး လိုက်ပြီ ဖြစ်ကာ ယင်း တို့အထဲတွင် ယခင် ဥက္ကဋ္ဌ ဖြစ်သူ နှင့်အတူ အခြား လူ ၆ ဦးလည်း ပါဝင်ကြောင်း သိရသည်။ ယခုလို ဖမ်းဆီးမှုတွင် ဥက္ကဋ္ဌဟောင်း ဖြစ်သူ Tsuyoshi Kikukawa ၊ ယခင် ဒုဥက္ကဋ္ဌ Hisashi Mori နှင့် ယခင်က စာရင်းစစ် ဖြစ်သူ Hideo Yamada တို့လည်း ပါဝင်ကြောင်း သိရသည်။ ထို့အပြင် လုံခြုံရေး ကုမ္ပဏီတွင် အလုပ် လုပ်ခဲ့သူ Nobumasa Yokoo နှင့် အခြားသော လူ ၃ ဦး မှာလည်း ကုမ္ပဏီ၏ ငွေကြေး အရှုပ်တော်ပုံတွင် အကြံ ဉာဏ်များ ပေးခဲ့သည့် အတွက် ဖမ်းဆီး လိုက်ကြောင်းလည်း သိရသည်။

တိုကျိုခရိုင် အစိုးရ ရှေ့နေများ ရုံးမှာ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး  Kikukawa ၏ နေအိမ်ရှိရာသို့ သွားရောက်ကာ ရှာဖွေ ပုံစံဖြင့် ရှာဖွေနေပြီး ၎င်းအနေဖြင့် ပါဝင် ပတ်သက်မှု ပိုမိုထင်ရှား စေရေး အတွက် သက်သေများ ရှာဖွေနေ ကြောင်းလည်း သိရသည်။ ယခု ဖြစ်ရပ်အတွက် Kikukawa မှာ လွန်ခဲသည့် ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ် အတွင်း ကုမ္ပဏီမှ ငွေကြေး ဒေါ်လာ ၁.၂ ထရီလီယံကို အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ခြင်းပင် ဖြစ်သည်။
source : NHK news

0 comments:

Post a Comment