MKO အဖွဲ့ဝင်များသိစေရန်

 ကိုးဒီသွေး

UNHCR ၏ ပြောကြားချက်အရ မိသားစု DS စာရင်းတင်သွင်းချင်သူများ မိမိအဖွဲ့အစည်းအသီးသီးမှာ စာရင်းပေးသွင်းရမည်ဖြစ်၍ MKO မင်ဘာများအနေဖြင့် မိသားစုတွဲချင်သူများရှိပါက MKO ရုံးသို့ လာရောက် စာရင်းပေးသွင်းကြပါရန် အကြောင်းကြားအပ်ပါသည်။

မိသားစုစာရင်းတင်ထားပြီးသူများအနေဖြင့် UNHCR မှ ပြန်လည်ခေါ်ဆိုရာတွင် ဖုန်းဖြင့် မခေါ်တော့ပဲ
66300 နံပါတ်ဖြင့် Message လှမ်းပို့ပေးမည်ဖြစ်သည်။ ၄င်း မိသားစုတွဲရန် အကြောင်းအရာပါ Message ကို UNHCR ရုံးအ၀င်ဝတွင် အထောက်အထားပြရန် လိုအပ်သောကြောင့် မဖျက်မိစေရန် အထူးသတိပေးအပ်ပါသည်။ Message ပါ အကြောင်းအရာကို ဖတ်ရှုရန် အခက်အခဲရှိပါက MKO ရုံးသို့ လာရောက်ပြသနိုင်ပြီး အသေးစိတ် သိရှိလိုပါက MKO အတွင်းရေးမှူး စောဒန်းနစ်ထံ(019-7778303) သို့
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ကရင်လူမျိုးများနှင့် တိုင်းရင်းသားများအားလုံး အဖမ်းအဆီးကာလအတွင်း အသွားအလာ ဆင်ခြင်ကြဖို့လည်း အသိပေးလိုက်ရပါသည်။

0 comments:

Post a Comment