Mercedes-Benz F-CELL (ကိုယ်ပျောက် မော်တော်ယာဉ်လာပြီ)

Source Photo from
http://nerdwithswag.com/mercedes-benz-invisible-f-cell-car
 zawzaw

ကားတစ်စီးလုံး ရှိမှန်း မသိရအောင် ကိုယ်ယောင် ဖျောက်နိုင်တဲ့ ကိုယ်ပျောက်ကားကို ဂျာမနီ သိပ္ပံပညာရှင်တွေ
က တီထွင်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ကိုယ်ပျောက်ကားဟာ ကိုယ်ထည်ကြီး တစ်ခုလုံး ပျောက်တဲ့အထိ
ကားရဲ့ တစ်ဖက်မှာ ရှိတဲ့ အရာတွေကို အတိုင်းသားတွင်းဖောက် မြင်နေရပါတယ်။

ဒီ့အတွက် သိပ္ပံ ပညာရှင်တွေဟာ LED မီးသီးတွေ တွဲဆက်ထားတဲ့ LED ပြားတွေကို Mercedes-Benz F-CELL ရဲ့ ယာဉ်မောင်း ဘက်ခြမ်းမှာ ဖုံးအုပ်ထားပြီး ကျန်တစ်ခြမ်းမှာတော့ ဒီဂျစ်တယ် SLR ကင်မရာကို တပ်ဆင်ထားတာ
ဖြစ်ပါတယ်။

Photo from
http://nerdwithswag.com/mercedes-benz-invisible-f-cell-car

ကင်မရာက သူနဲ့ကပ်လျက် အခြမ်းက ရှုခင်း မြင်ကွင်းတွေကို ဗီဒီယို ရိုက်ယူပြီး ယာဉ်မောင်း ဘက်ခြမ်းက LED ပြားတွေပေါ်မှာ အချိန်နဲ့တပြေးညီ ပြပေးတာ ဖြစ် တယ်လို့ သိရပါတယ်။

ဒီ ကိုယ်ပျောက်ကားကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုကို ယူကျုဘ် ၀က်ဘ်ဆိုက်မှာ ၀င်ရောက်ကြည့်ရှုသူ အမြောက်အမြား ရှိနေပြီးအကောင်း ၊ အဆိုး ဝေဖန် နေကြတယ်လို့ သိရပါတယ်။

0 comments:

Post a Comment