MBA ဆက်စပ် ဘာသာရပ်များ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆု လျှောက်ထား နိုင်

ပြည်တွင်းရှိ ကျောင်းသူ၊ ကျောင်းသားများ အင်္ဂလန် နိုင်ငံရှိ MBA နဲ့ ဆက်စပ် ဘာသာရပ် တွေအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆု လျှောက်ထား နိုင်တယ်လို့
CROWN Education မှ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပညာသင် ဆုကို အင်္ဂလန် နိုင်ငံရှိ Modern University ဖြစ်တဲ့ University of Portsmouth မှာ နှစ်စဉ် ပေးအပ်လျက် ရှိတာ ဖြစ်ပါတယ်။ အဲဒီ ပညာသင်ဆုကို ပထမ အသုတ် အနေနဲ့ ဧပြီလ ၃၀ ရက်နေ့မှာ နောက်ဆုံး လျှောက်ထား ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်အတွင်း နောက်ဆုံး အသုတ် အနေနဲ့ ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံး ထားပြီး ထပ်မံ လျှောက်ထား ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပညာသင် ဆုကို လျှောက်ထား လိုတဲ့ ပြည်တွင်း ကျောင်းသား၊ ကျောင်းသူ တွေဟာ ပညာသင်ဆု မလျှောက်ခင် University of Portsmouth ရဲ့ Offer Letter ကို ပထမဆုံး လျှောက်ထား ပြီးမှသာ ပညာသင် ဆုကို ဆက်လက် လျှောက်ထား နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်MBA Offer Letter   ရရှိထားတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ လျှောက်လွှာမှာ ဖော်ပြထားတဲ့ ပညာရေးဆိုင်ရာ ထူးချွန်မှုမှတ်တမ်းများလည်းပါရှိရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ အဆိုပါသင်တန်းနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ အလုပ် အတွေ့အကြုံ ရှိသူတွေ၊ မိမိစရိတ်နဲ့ ကျောင်းတက်မယ့် သူတွေကို ဦးစား ပေးကာ ပညာသင်ဆု ရွေးချယ် ပေးအပ် သွားမယ်လို့ သိရပါတယ်။ ဒီလို ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆု ရွေးချယ်ပြီး ကျန်ရှိတဲ့ ထူးချွန် ကျောင်းသား တစ်ချို့ ကိုလည်း မိမိတို့ရဲ့ ထူးချွန်မှု အလိုက် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိ ပညာသင်ဆု ထပ်မံ ပေးအပ် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 

0 comments:

Post a Comment