တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန် ပြည်ထောင်စု မှ သူလျှိုလေယာဉ် တပ်ဖြန့်ထားမည်

အမေရိကန် ပြည်ထောင်စုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တား ကာကွယ်နိုင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံမှာ သူလျှိုလေယာဉ်တစ်စင်း

တပ်ဖြန့် ထားရှိမယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လက်ခံကျင်းပမယ့် ကမ္ဘာ့နျူကလီးယားအရေး ဖိုရမ်ကျင်းပစဉ် ကာလအတွင်းမှာ ဆွေးနွေးပွဲတက်ရောက်ဖို့ ရောက်ရှိနေမှာဖြစ်တဲ့ အမေရိကန်သမ္မတ အိုဘားမား အပါအ၀င် ကမ္ဘာ့နိုင်ငံခေါင်းဆောင် ၅၀ခန့်ရဲ့ လုံခြုံရေးအတွက် J.STARS လေယာဉ်တစ်စီးကို စေလွှတ်တပ်ဖြန့်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကာလအတွင်း ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုတွေကိုသာမက ဆိုက်ဘာ တိုက်ခိုက်မှုတွေ အတွက်ပါ စစ်ဘက်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြောင်း တောင်ကိုရီးယား စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အခုတပ်ဖြန့်ထားရှိမယ့် J.STARS လေယာဉ်ဟာ မြေပြင်သုံးယာဉ်တွေကို ခြေရာခံနိုင်ပြီး၊ ပုံရိပ်တွေ စုဆောင်းပေးနိုင်သလို မြေပြင် ပစ်ဒုံးလက်နက်တွေ၊ အမြောက်တွေနဲ့ တပ်ဖွဲ့လှုပ်ရှားမှုတွေကိုပါ အာရုံခံ ဖော်ပြပေးနိုင်တယ်လို့ သိရပါတယ်။

Reference : PressTV.com


0 comments:

Post a Comment