ဗီယက်နမ်တွင် နျူကလီးယား စွမ်းအင်ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ ကျင်းပခဲ့


ဗီယက်နမ် သိပ္ပံနဲ့ နည်းပညာ ၀န်ကြီး ဌာနဟာ နိုင်ငံတွင်း နျူကလီးယား စွမ်းအင် ဥပဒေ နဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းပွဲ တစ်ခုကို ယမန်နေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို
ရုရှား၊ ပြင်သစ် ၊ ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စု ၊ တောင်ကိုရီးယား ၊ ဂျာမနီနဲ့ ဗြိတိန် နိုင်ငံတို့မှ သိပ္ပံပညာရှင်နဲ့ ကျွမ်းကျင် ပညာရှင်တို့ တက်ရောက်ခဲ့ကြပါတယ်။ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသူတွေက ဗီယက်နမ် နိုင်ငံမှာ နျူကလီးယား စွမ်းအင်ဆိုင်ရာ ဥပဒေ ချမှတ်ရာမှာ နိုင်ငံခြား အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေ အတွက် လိုအပ်တဲ့ လမ်းညွှန်ချက်နဲ့ ပတ်သက်ပြီး ဗီယက်နမ် ဥပဒေက ပညာရှင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

နျူကလီးယား စွမ်းအင်ဟာ ကမ္ဘာ တစ်ဝှမ်းမှာ အရေးပါတဲ့ စွမ်းအင်ရင်းမြစ် ဖြစ်လာကြောင်း ၊ နိုင်ငံ အများစုရဲ့ စွမ်းအင် ကဏ္ဍမှာလည်း အရေးပါတဲ့ နေရာက ပါဝင်လာကြောင်း၊ ဗီယက်နမ် နိုင်ငံ အနေနဲ့ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းရေး ၊ ဘေးကင်းရေး ၊ လုံခြုံရေး အတွက် အသုံးပြုမှာ ဖြစ်ကြောင်း ဗီယက်နမ် သိပ္ပံနဲ့နည်းပညာ ဒုတိယ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။
ဗီယက်နမ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုကို ၂၀၃၀ ခုနှစ် မတိုင်မီ လုပ်ငန်း စတင် လည်ပတ်မှာ ဖြစ်ပြီး စွမ်းအင် မီဂါဝပ် တစ်သောင်း ခုနစ်ရာ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ဖို့ အတွက် ဗီယက်နမ် နိုင်ငံဟာ ရုရှား ၊  ဂျပန် နိုင်ငံတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့  သဘောတူညီ စာချုပ်မှာ လက်မှတ်ရေးထိုးပြီး ဖြစ်တယ်လို့ သိရပါ တယ်။
(Reference : Xinhua.com)

0 comments:

Post a Comment