မြန်မာတပ်ဖွဲ့များ (၁၄)ဦးကျဆုံးသော ပန်ဆိုင်းကျေးရွာတိုက်ပွဲ

ဆုံဆည်းးရာ


 မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်နေချိန်အတွင်း ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲ များဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

မြန်မာအစိုးရတပ်သည် ငြိမ်းချမ်းရေးကို ဟန်ပြသာလုပ်ဆောင်ပြီး  တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ် ရာဒေသများတွင် ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့် စစ်အင်အားများထပ်မံတိုးချဲ့မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အသီးသီးမှ ငြိမ်းချမ်းရေးကို အယုံအကြည်နည်းပါးကြောင်းလည်း သိရှိရသည်။

သို့ကြောင့်လည်း ကချင်ပြည်နယ် မြစ်ကြီးနား -ဗန်းမော် လမ်းပိုင်း ဒေါ့ဖုန်းယန်မြို့ နယ်ခွဲအတွင်းရှိ ပန်ဆိုင်းကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ(၁၉)ရက် မနက်ပိုင်းက ကေအိုင်အေ တပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခလရ(၁၄၂)တပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဘက်မှ (၁၄)ဦးခန့် ကျဆုံးကြောင်းသိရသည် ။

အလားတူ ဖေဖေါ်ဝါရီ(၁၉)ရက် မနေ့ က ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ မုန်လိုင်းချောင်း အထက်ဘက်ရှိ ရှမ်းတိုင်းရင်းသား အများစုနေထိုင်ရာ တင်းဂျမ်န်ကျေးရွာ( Tingjang ) အနီးတွင် ကေအိုင်အေ တပ်မဟာ(၅)လက်အောက်ခံ မျိုးချစ်တပ်ဖွဲ့ ဝင်များ နှင့် အဆိုပါကျေးရွာအနီးတွင် တပ်စွဲထားသော မြန်မာအစိုးရတပ်ဖွဲ့ တို့  တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်မှုများအား မသိရသေးပါ။

0 comments:

Post a Comment