နှစ်၆ဝပြည့် ကယားဒေးနေ့ နာမည်ကြီး အိုင်စီအဖွဲ့ဖြင့် စည်ကား


ဖဲမော တနင်္လာနေ့, 16 ဇန်န၀ါရီလ 2012 17:30

နှစ် ၆ဝ ပြည့် ကယေားဒေး (ခေါ်) ကယားပြည်နယ်နေ့ကို ယခု ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်ကနေ  ၁၈ ရက်အထိ ကျင်းပလျက်ရှိပြီး ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့ညမှာ မြန်မာပြည်က နာမည်ကြီး အိုင်းရိုးခရော့စ်အဖွဲ့ကနေ လာရောက်ဖျော်ဖြေခဲ့တဲ့အတွက် ပွဲစည်ကားခဲ့တယ်လို့ သိရပါတယ်။ အိုင်စီတီးဝိုင်းနဲ့အတူ အဆိုတော်များဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ မေခလာနဲ့ ခင်ဘုဏ်းပါ လာရောက်ဖျော်ဖြေကြပါတယ်။
“လွိုင်ကော်မြို့ကြီး တခေါက်တခေါက်ရောက်ဖို့ အရမ်းခဲယဉ်းတာပဲနော ဒီကိုရောက်ရင်အရမ်းအေးတာပဲဗျာ ဒီအချိန်ပဲလုပ်တယ်နဲ့တူတယ်ပွဲက၊ ကျနော်တို့တဖွဲ့လုံးကွေးနေတာ” လို့အဆိုတော် အငဲက သီချင်းများမသီဆိုခင် ပရိသတ်များကို နှုတ်ဆက်ပါတယ်။
၂၀၁၁ ခုနှစ် ကယားဒေးပွဲတွင် လေးဖြူမှ တက်ရောက် သီဆိုစဉ်
၂၀၁၁ ခုနှစ် ကယားဒေးပွဲတွင် လေးဖြူမှ တက်ရောက် သီဆိုစဉ်
ရှိုးပွဲကို လွိုင်ကော်မြို့ ကန္ဒာရဝတီ အားကစားကွင်းမှာ ည ၇ နာရီက စတင်ပြီး တင်ဆက်မှုတွေပြုလုပ်ပါတယ်။ ရှိုးပွဲ ကြည့်ရှုဖို့အတွက် ၀င်ကြေး ကျပ်ငွေ ၅ဝဝဝ တန်မှာ ထိုင်ခုံလွတ် မတ်တတ်ရပ် ကြည့်ရမှာဖြစ်ပြီး ကျပ် ၇ဝဝဝ နဲ့ ကျပ် ၁ဝဝဝဝ တန်တို့မှာ ထိုင်ခုံနဲ့ ထိုင်ပြီး ကြည့်ရပါတယ်။
ရှိုးပွဲ ကြည့်ရှုဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်စည်းကမ်းချက်အရ ရှိုးပွဲသို့ ဝင်တဲ့ အချိန်မှာ ကြည်ဖြူစွာ စစ်ဆေးခြင်း ခံရပြီး တုတ်၊ ဓါး၊ လက်နက်တို့ကို ယူဆောင်ခွင့် မပြုပါဘူး။
အခုနှစ်ကယားဒေးပွဲကို  လောင်းကစားဝိုင်းများ၊ မြင်းစီးပြိုင်ပွဲများ နဲ့ အငြိမ့်ပွဲတွေမရှိတာကြောင့် နာမည်ကြီးအဆိုတော်တွေနဲ့ပဲ စည်ကားနေရတယ်လို့ ဆိုပါတယ်။
“မင်္ဂလာပါ…. ဒီနေ့ကယားဒေးကိုလာရတဲ့အတွက် တဖွဲ့လုံးဝမ်းမြောက်ဝမ်းသာရှိကြပါတယ်ခင်ဗျား” အဆိုတော်လေးဖြူက စင်မြင့်ပေါ်က ပရိသတ်တွေကို နှုတ်ဆက်ပါတယ်။
အိုင်စီ တီးဝိုင်းနဲ့ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ကယားဒေးပွဲမှာလည်း လာရောက်ဖျော်ဖြေခဲ့ပါတယ်…

0 comments:

Post a Comment